ကာရံငယ် ၏ ကဗျာ မိတ်ဆက်…


"သူသိပါစေ"
(ဟန်ဆောင်နှလုံး.ပြည့်ပြည့်ဖုံးလျှက်---------
ကျိတ်မှိတ်ခံစား...........ရေးတဲ့ကဗျာကို---------
ရင်နာသံဖြင့်...
..မဆိုဝံ့ပါ။------------
နှလုံးစိတ်မှာ..
....ကျိတ်ခါသိုလှောင်---------
ဟန်ဆောင်မျက်ဝန်
း.....သောင်းနှယ်ထွန်းသည်-----
အိပ်မက်ဆီမှာ...
.....ငိုလိုက်ပါသည်--------
ရင်မှာပေါက်ဖွား
........အလွမ်းများကို-------
ကဗျာဖတ် ၍ သူသိစေ.........
။----------။)
(ကာရံငယ်)
Valentine Heart Smiley

Tuesday, March 31, 2015

"ရင်ခွင်မှာထွန်းလင်းဖူးတဲ့ချစ်သူ"


မှောင်မိုက်နေတဲ့ညတံတိုင်းတွေရဲ့အလယ်မှာ
ကိုတစ်ယောက်တည်း ကြယ်ကြွေတွေ
လိုက်ကောက်နေမိပြီ..ချစ်သူရေ......... 
ဝေးကွာခြင်းနဲ့ စွန့်ခွါခြင်းဆိုတဲ့
လမ်းချိုးနှစ်ခုဟာ...........
အတိမ်အနက်၊ အလင်းအမှောင်တူသယောင်ရှိပေမဲ့

Sunday, March 22, 2015

မငိုပါနဲ့ သူငယ်ချင်းရယ်..



(ခံစားနေရ..၊ငိုနေ ရတဲ့ သူငယ်ချင်းတွေ အတွက်ပါ်)

မငိုပါနဲ့ သူငယ်ချင်းရယ်..
ဟိုမှာ ကြည့်စမ်း...
မင်းအတွက် လှပတဲ့ အနာဂတ်တွေ ရှိသေးတယ်..။

မငိုပါနဲ့ သူငယ်ချင်းရယ်..
အချစ်ကို ဆုံးရှုံးရုံနဲ့တော့
မင်းဘဝတစ်ခုလုံး ပျက်သုဉ်းမသွားပါဘူး..။

လက်ချောင်းလေးတွေနဲ့ ရေတွက်ကြည့်
အရွယ်ဆိုတာ မင့်းမှာ ရှိသေးတယ်..
ဘာကို အားငယ်နေတာလဲ ..။

အချစ်ဆိုတာ...........

Tuesday, March 17, 2015

"စစ်သား တယောက်ရဲ့ သေတမ်းစာ"


(တိုက်ပွဲ ၀င်နေကြသော ညီအကို များအစာ့း ....ကျွန်တော်ကိုယ်တိုင် စစ်သားတယောက်အနေဖြင့် ခံစားရေးသားထားပါသည်။)
ကာရံငယ်..
frown emoticon frown emoticon frown emoticon
အကြောင်းအမျိုးမျိုးကြောင့်
ကျွန်တော် အိမ်မပြန်ဖြစ်ခဲ့ရင်
နားလည်ခွင့်လွှတ်ပါ အဖေ--- နဲ့ အမေ..။

စစ်ပွဲဆိုတာ
ပန်းတွေပွင့်နေတဲ့လောကထဲမှာ

Monday, March 16, 2015

"ချစ်သူ....ရေ"


ဆုံးရှုံးရမှာ ကြောက်လို့ 
ငါ....မာနကို မေ့ပစ်ထားလိုက်တယ်......

ထားရစ်ခဲ့မှာ ကြောက်လို့ 
ငါ.....အားလုံးကို နားလည်ပေးလိုက်တယ်...

ပိုင်ဆိုင်ထားတဲ့ အချစ် ပျက်ဆီးသွားမှာကြောက်လို့ 
ငါ....အရှုံးပေးနေမိတယ်...

တွဲထားတဲ့လက် ခိုင်မြဲဖို့ အတွက်
အရာရာကို ငါ့အမှားလို့ ခံယူလိုက်တယ်...

ငါမဟုတ်တဲ့ သူ ပိုင်ဆိုင်သွားမှာကြောက်လို
နင့်ကို မစွန့် လွှတ်ချင်တဲ့
အတ္တတွေတော့ ငါ့ မှာ ရှိနေတတ်တယ်......

နင့်ကို မြတ်နိုး တန်ဖိုးထားလွန်းတဲ့ ငါလေ
တစ်ခါတလေတော့
နင့်ရဲ့ ဥပေက္ခာတွေကြောင့်
နာကျင်စွာ ခံစားနေရတတ်တယ် .....

အရာရာကို နင့်အတွက်
နင့်အတွက် ဆိုပီးဖြစ်နေတတ်တဲ့ ငါ
နင့်ရဲ့ ဂရုစိုက်မှုလေးတွေကိုမျှော်လင့်ရင်း
ပျော်နေတတ်တာပါ....

"ကျေးဇူးပြုပီးငါ့ အချစ်တွေကိုနားလည်ရင်း
အရင်ကထက်တိုးတိုးပီး
ချစ်ပေးပါနော်ချစ်သူ........
ငါ နင့်ကို အရမ်းချစ်တယ်
ချစ်သူရယ်"

ကာရံငယ်..
www.yetayzakyaw1500.blogspot.com

Sunday, March 15, 2015

"ကိုချစ်တယ်ဆိုတာ......"


နင့်ထက်ချောပြီးလှတဲ့ သူတွေကို
ငါရင်မခုန်ပါဘူး...
နင်ငါ့ကို လေးလေးနက်နက်
ချစ်တယ်လို့ ပြောတတ်တာလေးကိုပဲ
ရင်ခုန်တာပါ...

Saturday, March 14, 2015

"ပြန်လာခဲ့ပါ သူငယ်ချင်းရယ်.."

 
 

(နိုင်ငံရပ်ခြား ရောက်နေ..သော...သူများ အတွက်....ရည်စူး၍)
ကျွန်တော်တို့ တိုင်းပြည်မှာ အဂတိလိုက်စား ၊
မသမာမူ့ တွေရှိနေပေမယ့် 
ကျွန်တော်တို့ လူမျိုးတွေက ရိုးသားဖော်ေ၇ွတတ်ပါတယ်။
********************
ပြန်လာခဲ့ပါသူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်လေးမှာ
ရေမီးစုံအောင် ၂၄နာရီမလာပေမယ့် 

Friday, March 13, 2015

"မျှော်လင့် မိတယ်"


ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ 
ငါ့အနားကိုရောက်လာရင်း
ခဏတာအချစ်တွေပေးပီး ထားခဲ့ရက်ပေမဲ့....
ငါကတော့
ဘ၀တစ်ခုလုံးပေးဆပ်ဖို့ ကြိုးစားရင်း
ချစ်ခဲ့လိုက်မိတယ်..။

လူကြိုက် အများဆုံးကဗျာ များ