
(ခံစားနေရ..၊ငိုနေ ရတဲ့ သူငယ်ချင်းတွေ အတွက်ပါ်)
မငိုပါနဲ့ သူငယ်ချင်းရယ်..
ဟိုမှာ ကြည့်စမ်း...
မင်းအတွက် လှပတဲ့ အနာဂတ်တွေ ရှိသေးတယ်..။
မငိုပါနဲ့ သူငယ်ချင်းရယ်..
အချစ်ကို ဆုံးရှုံးရုံနဲ့တော့
မင်းဘဝတစ်ခုလုံး ပျက်သုဉ်းမသွားပါဘူး..။
လက်ချောင်းလေးတွေနဲ့ ရေတွက်ကြည့်
အရွယ်ဆိုတာ မင့်းမှာ ရှိသေးတယ်..
ဘာကို အားငယ်နေတာလဲ ..။
အချစ်ဆိုတာ...........
ဘဝထဲမှာရှိတဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ..
သူမရှိရင် မဖြစ်ဖူးဆိုပေမယ့်..
ရူးမတက်တော့ မခံစားပါနဲ့.....။
တစ်ယောက်ထဲလို့ မတွေးပါနဲ့ ..
ဒီကမ္ဘာမှာလေ ကိုယ်ချင်းစာစိတ်မရှိသူတွေ ရှိနေပေမယ့်
မင့်းကို ဖေးမ ကူညီချင်သူလဲ ရှိနေနိုင်တာပဲလေ...။
မင်းဘာလုပ်မလဲ သေချာစဉ်းစား..
လကုန်ချိန်ကို မျှော်နေမယ့် အမေ့မျက်နှာကို မြင်ယောင်ကြည့်..
မငဲ့ကွက်သူကို ထည့်မတွက်နဲ့..
အထာကြွယ်သူကို အညှာမလွယ်နဲ့...
နောင်တ ဆိုတာ ရှိသ၍
နောက်ကျတယ်ဆိုတာ မရှိသေးပါဘူး..
စွန့်လွတ်ရဲဖို့ပဲ လိုတယ်..
ခြေဗလာနဲ့ မသွားရဲလို့
မတော်တဲ့ ဖိနပ်ကို စီးမိရင်
မင်းတစ်သက်လုံး ခြေထောက်နာမယ်..
မင်းခေါင်းကို မော့ကြည့်လိုက်
လှပတဲ့ အရာတွေကမင်းဦးခေါင်းနားလေး
အတုအယောင်တွေကြားထဲမှာ
အမြဲမသာယာပါနဲ့...
မင့်းကို နာကျင်စေတဲ့ အရာဆိုရင်
ဘာကြောင့် ဆုပ်ကိုင်ထားဦးမှာလဲ..
လွတ်ချချိန်ခဏတော့ နင်နှမြောလိမ့်မယ်..
အချိန်ကြာသွားရင်တော့
အမှန်တရားအတွက် မင်းကျေနပ်သွားလိမ့်မယ်..။
သူငယ်ချင်းရယ်..
မင်းလုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်..
လောကကို ရဲရဲ ရင်ဆိုင်လိုက်..
ခြေတစ်လှမ်းထပ်တိုးပြီး ဘဝ ကို ကြိုးစား..
သူများဆွဲချတိုင်း လဲ မကျပါစေနဲ့..
ကွယ်ရာမှာ မင့း်ကို လှောင်ရယ်လိမ့်မယ်..
အဲ့လို အဖြစ်မခံနဲ့..
လောကဓံ ဆိုတာလေ
ရုတ်တရက်တိုက်တဲ့ လေကြမ်းလိုပဲ..
ကြိုတင်ပြင်ဆင်ချိန်မပေးတက်
စိတ်ခိုင်ဖို့ပဲ လိုတယ်..
မငိုပါနဲ့ သူငယ်ချင်းရယ်...... မငိုပါနဲ့....
ကာရံငယ်
www.yetayzakyaw1500.blogsp
Note = "တိတိတ်လေး ငိုနေတတ်သူ များကို...အားပေးချင်ခဲ့
တာ ကျွန်တော့် ၀ါသနာပါ...။
ဘာကြောင့်လဲ ဆိုတော့ ............
ငယ်ငယ်လေး တည်း ထဲက ကျွန်တော် ကျိတ်ငို နေတတ်လို့ ပါ...။"
(ကာရံငယ်)



"သူသိပါစေ"
0 comments:
Post a Comment
အကြံပေး ဝေဖန်သွားပါဦးနော်....(သင့်ရဲ့ Comment ဟာစာရေးသူအတွက်ဆေးတခွက်ပါ)