
ဆုံးရှုံးရမှာ ကြောက်လို့ 
ငါ....မာနကို မေ့ပစ်ထားလိုက်တယ်......
ထားရစ်ခဲ့မှာ ကြောက်လို့ 
ငါ.....အားလုံးကို နားလည်ပေးလိုက်တယ်...
ပိုင်ဆိုင်ထားတဲ့ အချစ် ပျက်ဆီးသွားမှာကြောက်လို့ 
ငါ....အရှုံးပေးနေမိတယ်...
တွဲထားတဲ့လက် ခိုင်မြဲဖို့ အတွက်
အရာရာကို ငါ့အမှားလို့ ခံယူလိုက်တယ်...
ငါမဟုတ်တဲ့ သူ ပိုင်ဆိုင်သွားမှာကြောက်လို
နင့်ကို မစွန့် လွှတ်ချင်တဲ့
အတ္တတွေတော့ ငါ့ မှာ ရှိနေတတ်တယ်......
နင့်ကို မြတ်နိုး တန်ဖိုးထားလွန်းတဲ့ ငါလေ
တစ်ခါတလေတော့
နင့်ရဲ့ ဥပေက္ခာတွေကြောင့်
နာကျင်စွာ ခံစားနေရတတ်တယ် .....
အရာရာကို နင့်အတွက်
နင့်အတွက် ဆိုပီးဖြစ်နေတတ်တဲ့ ငါ
နင့်ရဲ့ ဂရုစိုက်မှုလေးတွေကိုမျှော်
ပျော်နေတတ်တာပါ....
"ကျေးဇူးပြုပီးငါ့ အချစ်တွေကိုနားလည်ရင်း
အရင်ကထက်တိုးတိုးပီး
ချစ်ပေးပါနော်ချစ်သူ.......
ငါ နင့်ကို အရမ်းချစ်တယ်
ချစ်သူရယ်"
ကာရံငယ်..
www.yetayzakyaw1500.blogsp



"သူသိပါစေ"
0 comments:
Post a Comment
အကြံပေး ဝေဖန်သွားပါဦးနော်....(သင့်ရဲ့ Comment ဟာစာရေးသူအတွက်ဆေးတခွက်ပါ)