“အချစ်တစ်ခုနှင့်
တိုက်မိခြင်း”
ပျာလောင်ခတ်နေတဲ့
ဘ၀ထဲကို
အချစ်က တံခါးခေါက်လာခဲ့တယ်
ဗီဇာမပါဘဲ ၀င်လာတယ်ဆိုပြီး
ဘယ်သူ့ကို တိုင်လို့ ရမလဲ
ကို့ ရင်ဘတ်ထဲက
အသဲနှလုံးဟာ
ကျောက်တုံးမဟုတ်လို့ပါ
အကြိမ်များစွာ
မတွန်းတိုက်ပါနဲ့
ကောင်မလေးရယ်
ကို..က ချစ်တတ်ပါတယ်။
စာအုပ်ပုံတွေကြားကနေ
ခေါင်းမော့ ကြည့်မိတော့
ရွှန်းရွှန်းလဲ့လဲ့
ပြုံးနေတဲ့
မင်းကလေးကို
မြင်ရတယ်
ခုတော.့... မင်းလေးဟာ
ကို့ ဘ၀ရဲ့ မီးအိမ်လေးပေါ့
ငါ ဒီကဗျာတွေကို
မရေးချင်တော့ဘူး
ကလေးငယ်တစ်ယောက်
လမင်းကြီးကို
ငေးကြည့်ရင်းတွေးမိတွေးရာ
တွေးနေတတ်သလိုမျိုး
ကို လည်း ချစ်ရသူရဲ့
မျက်ဝန်းလေးကိုပဲ
ငေးနေချင်တော့တယ်
မှတ်တိုင်မရှိတဲ့
အချစ်တွေနဲ့
ဂိတ်ဆုံးတဲ့ အထိ
ချစ်နေချင်တယ်
ရင်ထဲကလာတဲ့ စကားတွေက
လက်ထဲကို စီးဆင်းနေတာပါ
ဖုန်းသံ မကြားရတဲ့
ရက်တွေမှာဆို
ဘဝဟာ ဥသြတွန်သံလေးကို
တမ်းတနေတတ်တဲ့
နွေနေပူထဲက
ညောင်ညိုပင်လို
ခြောက်ခြောက်သွေ့ သွေ့ နဲ့ ပေါ့
ကိုယ် သဘောကောင်းတယ်ဆိုတာ
လျှို့ဝှက်ချက်တွေရှိတယ်လို့မထင်လိုက်ပါနဲ့
။
မင်းကို ..သိပ်ချစ်သွားလို့
ပါ။
(ကာရံငယ်☺ ♥ ☻)



"သူသိပါစေ"

1 comments:
CASINOS GAMES - JTG Hub
CASINOS GAMES. 1798 S. 영천 출장마사지 Hwy. Asheville, NC 18702. 고양 출장안마 890. (702) 688-7755. $8.99. Add To Cart. No 경주 출장마사지 photo 전주 출장샵 Casinos 의정부 출장마사지 Near Me.
Post a Comment
အကြံပေး ဝေဖန်သွားပါဦးနော်....(သင့်ရဲ့ Comment ဟာစာရေးသူအတွက်ဆေးတခွက်ပါ)