ငါ့ကိုနာနာကျင်အောင်လုပ်ပေမယ့်
သံစဉ်တွေ ဖန်တီးပေးတယ်
ငါပျော်တဲ့အချိန် မင်းကမြူးကြွနေသလို
ငါဝမ်းနည်းနေတဲ့အချိန် မင်းကတိတ်ဆိတ်နေပေးတယ်
ငါဒေါသဖြစ်ရင်လည်း မင်းပေါက်ကွဲပေးပြန်တယ်
ငါဘာလုပ်လုပ် မင်းဘာမှမပြောဘူး
သစ္စာရှိတယ် နားလည်ပေးတယ်
ငါ့ကိုလဲအထင်မလွဲဘူး။
ကျေးဇူးပဲကွာ မင်းကိုပဲချစ်တော့မယ်
ဘယ်သူတွေဘာပြောပြော
ငါ့ဂီတအတွက် ငါရှင်သန်မယ်
ငါနာမည်မကြီး လူမသိလည်း
ဂီတာလေးတီးရင်း သီချင်းတွေဆက်ဆိုမယ်
ပြင်းတန်တဲ့ ငါ့ခံယူချက်တွေအတွက်
လောကကြီးက နေရာမပေးလည်း
ဂီတနဲ့ ဆက်အသက်ရှင်နေမယ်
ဂျစ်ပစီတယောက် လမ်းဘေးမှာ
ဂစ်တာအိုတစ်လုံးကို စကားတွေပြောနေလေရဲ့။
လေပြေသွေး



"သူသိပါစေ"
0 comments:
Post a Comment
အကြံပေး ဝေဖန်သွားပါဦးနော်....(သင့်ရဲ့ Comment ဟာစာရေးသူအတွက်ဆေးတခွက်ပါ)