
တကယ်မချစ်ခဲ့ဘူးဆိုရင်လည်း
အစကတည်းက
ဘာလို့မျှော်လင့်ချက်တွေပေးနေတာလဲ?
ရင်ခုန်သံတွေ နိုးထလာအောင်
လူမသိသူမသိ နှိုးဆော်ခဲ့ပြီး။
ငါကိုယ်တိုင် သတိထားမိတဲ့အချိန်ကျမှ
မင်းက. . .ထွက်ပြေးသွားခဲ့တယ်။
တစ်ခုတော့ သတိပေးလိုက်မယ်
ငါဟာ
မင်းကစားချင်တိုင်း ကစားလို့ရတဲ့ အရုပ်တရုပ်
မဟုတ်ဘူး။
မင်းကိုချစ်မိခဲ့တယ်ဆိုရင်တောင်
ငါ့ရဲ့ချစ်ခြင်းတွေကို
မင်းမမြင်နိုင်တဲ့နေရာမှာ သိမ်းထားလိုက်မယ်
မင်းမမြင်နိုင်တဲ့နေရာမှာ သိမ်းထားလိုက်မယ်
မင်းအတွက်တော့ မဟုတ်ဘူး
ငါ့ရဲ့အဖြူရောင် ရိုးသားမှုမာနနဲ့ ဂုဏ်သိက္ခာအတွက်. . . . .။
လေပြေသွေး



"သူသိပါစေ"
0 comments:
Post a Comment
အကြံပေး ဝေဖန်သွားပါဦးနော်....(သင့်ရဲ့ Comment ဟာစာရေးသူအတွက်ဆေးတခွက်ပါ)