ငါအခု မင်းကြောင့်ငိုနေရပေမဲ့
နေမင်းကြီးရဲ့ ကျေးဇူးကြောင့်
မျက်ရည်တွေလဲ ခြောက်ခမ်းသွားပြီ . . .
ငါတို့နှစ်ယောက် ဇာတ်လမ်းက
ကြယ်ကြွေသလို မြန်ဆန်ခဲ့ပေမဲ့
နှလုံးသားထဲမှာ အလွမ်းတွေက
ထင်ကျန်နေဆဲပဲ . . .
ဒီလိုနဲ့ပဲ မှောင်ရီပျိုးတဲ့
ညနေခင်းမှာ နှုတ်မဆက်တတ်တဲ့
မီးရထားကြီးကို လက်ပြရင်း
အိပ်တန်းတက်မဲ့ နေမင်းကြီးနဲ့မတူ
အိမ်အပြန်လမ်းကို
အလွမ်းတွေက စစ်ကြေညာလိုက်ပြီး. . .
ဒါပေမယ့် လစ်ဟာသွားတဲ့
ငါ့နှလုံးသားနေရာကိုတော့
ဘယ်သူ့မှမမြင်ရအောင် ပြဒါးသုတ်ပြီး
ရောင်းရန်မဟုတ်လို့ပါ
ဆိုင်းဘုတ်တပ်လိုက်တယ် . . ။
ထာဝရမိုးရေစက်



"သူသိပါစေ"
0 comments:
Post a Comment
အကြံပေး ဝေဖန်သွားပါဦးနော်....(သင့်ရဲ့ Comment ဟာစာရေးသူအတွက်ဆေးတခွက်ပါ)